Knowledge

Single Phase Capacitor Start Motor

Single Phase Capacitor Start Motor

မော်တာဆိုတာ  
လျှပ်စစ်စွမ်းအင်ကနေ  
လည်ပတ်မှုစွမ်းအင်ကို ပြောင်းလဲပေးတဲ့  
ပစ္စည်းတစ်ခုပါ။  
Electrical energy ⏩  Mechanical energy
အဝင်အထွက်စာရင်းအရပြောရရင်  
Input = output + losses
လျှပ်စစ်ပေးလိုက်ရုံနဲ့ လည်ပတ်အားအပြင်  
အပူလည်းထုတ်ပေးပါတယ်။  
ဒီနေရာမှာ  
အပူကတော့ ကျွန်တော်တို့အတွက်  
တိုက်ရိုက်အသုံးမကျလို့ အဟောသိကံဖြစ်သွားတဲ့ စွမ်းအင်တစ်ခုပါ။  
ဒါ့ကြောင့် အထက်က ညီမျှခြင်းနဲ့ တွဲ ပြီးပြောတာဖြစ်ပါတယ်။  
ကွိုင်အပြည့် ကြေးကြိုးဖြစ်တာနဲ့ မလောင်တော့ဘူးလား၊ မပျက်စီးတော့ဘူးလားဆိုတော့..... .
ဒါလည်းမဟုတ်ပြန်ပါဘူး။  
ဒီနေရာမှာ အဝင်ဘက်ခြမ်း၊ အထွက်ဘက်ခြမ်း နှစ်ဘက်စဉ်းစားစရာရှိပါတယ်။  
အဝင်ဘက်အခြမ်း လျှပ်စစ်စွမ်းအင်ပေးရတဲ့ အပိုင်းပေါ့လေ....။  
ထုတ်လုပ်စဉ်ကတည်းက သတ်မှတ်ပြီးမှ  
ထုတ်လုပ်ရတဲ့ အမျိုးတွေဖြစ်ပါတယ်။  
220V/ 50Hz ကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။  
နည်းရင်မရသလို၊ များရင်လည်းမရပါဘူး။  
လူတွေမှာ နေ့စဉ် ထမင်းသုံးနပ်စားတယ်မို့လား....။  
တစ်ဆယ်နပ်စားကြည့်လိုက်လေ.. .
တစ်နပ်ပဲစားကြည့်လိုက်လေ.. .
သဟဇာတဖြစ်မဖြစ်  
သုံးသပ်ဖို့ပြောတာပါ။  
နောက်တစ်ချက် အသုံးပြုဝါယာကြိုးအရွယ်အစား ဒါလည်းအရေးကြီးပါတယ်။  
မိမိရွေးထားတဲ့ မော်တာအားအရွယ်အစား  
အလိုက် နိုင်နင်းတောင့်တင်းတဲ့ အရွယ်အစား ဖြစ်ဖို့လိုပါတယ်။  
သက်ဆိုင်ရာလျှပ်စစ်ကျွမ်းကျင်(သို့ )
အရောင်းတာဝန်ခံ ဆီမှ သေချာစူးစမ်းဖို့လိုပါတယ်။  
ဒီနေရာမှာလွဲရင် ကိုထွန်းရွှေရဲ့ သီချင်းလေး မျက်ရည်ကလည်ကလည်နဲ့ နားထောင်သွားရနိုင်ပါတယ်။  
#မီးသတိပြု  
ဒီနေရာမှာ မြင်သာအောင်ဥပမာပြောရရင်  
ရပ်ကွက်တစ်ခုလုံးရေပေးတဲ့ပိုက်ကို  
အအေးသောက်တဲ့ ပိုက်အရွယ် သုံးရင် ဘာတွေဖြစ်လာမလဲ...။  
#စဉ်းစားဖို့ .....။  
နောက်တစ်ချက် လျှပ်စစ်ပစ္စည်းတွေမှာ  
သူတို့ရဲ့ အများဆုံးခံနိုင်ရည် လျှပ်စီးကြောင်းဆိုတာရှိပါတယ်။  
အမ်ပီယာလိုပြောလိုက်ရင် အများပိုနားလည်မယ်ထင်ပါတယ်။  
သက်ဆိုင်ရာမော်တာရဲ့တံဆိပ်ပြားပေါ်မှာ ကြည့်နိုင်ပါတယ်။  
အဝင်ဗို့အား အနည်းအများဟာ ဒီလျှပ်စီးကြောင်း အပြောင်းအလဲ ကိုဖြစ်စေပါတယ်။  
ဒါ့ကြောင့် သတ်မှတ် လျှပ်စီးကြောင်း ဝန်းကျင်တဝိုက် မှာ မော်တာကို  
ရပ်ပေးနိုင်အောင်လို့ ဘရေကာခလုတ်တွေကို အသုံးပြုရပါတယ်။  
ဘရေကာခလုတ်တွေမှာလည်း  
ဈေး၊ အရည်အသွေး၊ စွမ်းဆောင်ရည် အမျိုးမျိုးရှိတာမို့  
ကိုယ်ရွေးချယ်တာဟာ  
ကိုယ့်ရဲ့ ကံကြမ္မာပါပဲဗျာ.... .
ရုပ်ရှင်မင်းသားတို င်း သရုပ်ဆောင်ကောင်းတယ်ဆိုတာ လည်းမဖြစ်နိုင်ပါဘူးနော်.. .
#သိဖို့  
ကြေးကြိုးကိစ္စ  
ဒါကလည်း အရေးကြီးတယ်။  
လျှပ်စစ်ဆိုတာ လျှပ်စီးပစ္စည်းတစ်ခုအပေါ်မှာ လျှပ်စစ်အမဓာတ်ဆောင်တဲ့  
အီလက်ထရွန်တွေ ရွေ့လျားရာကဖြစ်လာတဲ့ စွမ်းအင်တစ်ခု။  
ကြေးကြိုးကို ကတ္တရာလမ်းလို့သဘောထား.. .
ဒန်ကြိုး( aluminium alloy)ကို  
သဲခင်းလမ်းလို့သဘောထား.. .
မိမိကိုယ်ကို အီလက်ထရွန် လို့သဘောထားပြီး ဒီလမ်းနှစ်ခုပေါ်မှာ စက်ဘီးနင်းကြည့်.. .
အဲ့ဒါအဖြေပဲ။  
အဲ့ဒါကြောင့်ဈေးလည်းကွာတယ်။  
မော်တာတစ်လုံးကို အပြင်ကနေကြည့်ရုံနဲ့  
ကြေးလား ဒန်လားခွဲနိုင်ဖို့ ဉာဏ်မျက် စေ  
ကလည်း တရားကျင့်ယူလို့မရဘူး။  
ဒီတော့ မသိတာမေး၊ သေချာအာမခံပေးမှ  
သာဆုံးဖြတ်ပါ။  
အပြောတစ်မျိုး အလုပ်တစ်မျိုးဆိုရင်  
Consumer protection law
စားသုံးသူကာကွယ်ရေး ဥပဒေ  
အခန်း(10 )
ပုဒ်မ (21/က) ရှိတယ်။  
#နပ်ဖို့  
အဝင်ဘက်တစ်ခြမ်းနဲ့တင်စာရှည်သွားပြီ။  
ဆက်ပြောမယ်အထွက်တစ်ခြမ်း  
မော်တာဝယ်တယ်ဆိုတာ တခုခုကိုလှည့်ပြီး အလုပ်ပြီးမြောက်စေဖို့ပဲ မဟုတ်လား။  
မော်တာကခိုင်းတဲ့နေရာကဆိုတော့ အခိုင်းခံရတဲ့ ပစ္စည်းဟာ  
ခိုင်းမယ့်မော်တာအားထက်ကြီးနေလို့မရဘူးလေ။  
ဒီကိစ္စက မော်တာမဝယ်ခင်ကတည်းက ပြတ်ပြတ်သားသားဖြစ်ရမယ်အနေအထားပါ။  
ကိုယ်တိုင်မကျွမ်းကျင်ရင် တတ်ကျွမ်းနားလည်သူနဲ့တိုင်ပင်ပါ။  
သက်ဆိုင်ရာအရောင်းသမားနဲ့ အသေအချာဆွေးနွေးလို့လည်းရနိုင်ပါတယ်။  
မသေချာပဲ မိမိသဘောနဲ့ လှေနံဓားထစ်မယ်ဆိုရင်တော့ အိတ်ပေါက်နဲ့ဖားကောက်သလိုသာရှိပါမယ်။  
နောက်တစ်ခု မော်တာနဲ့ အခိုင်းခံပစ္စည်း သွယ်ဆက်ကြတဲ့အခါ  
သူတစ်ပတ်ကိုယ်တစ်ပတ် ကွန်ဘိုင်းတွဲမလား။  
အပတ်ရေလိုသလိုတွက်ထုတ်ပြီး ပူလီအချိုးအရသွယ်ဆက်တဲ့ ပန်ကာကြိုးနဲ့ သွယ်ဆက်မလား။  
ဒီနှစ်ချက်ဆက်စဉ်းစားဖို့ရှိပါတယ်။  
ဒါကိုစဉ်းစားတဲ့ အခါ လည်ပတ်အားနဲ့ ဝန်ရုန်းအားဟာ ပြောင်းပြန်အချိုးကျတယ်ဆိုတဲ့  
သီအိုရီကိုလည်း မမေ့နဲ့ဦးနော့။  
ကွန်ဘိုင်းတွဲတဲ့အခါ လည်ပတ်အားချော်ထွက်မှု မရှိနိုင်ပေမယ့် မနိုင်ဝန်ဖြစ်တဲ့အခါ  
ပျက်စီးဆုံးရှုံးမှုပိုများတတ်ပါတယ်။  
ပူလီဆွဲတွဲတဲ့အခါ ပန်ကာကြိုးအရေအတွက်၊ ကြိုးတင်းအား၊ ကြိုးအလိုင်းမင်း၊  
မော်တာပူလီအချင်း၊ အခိုင်းခံပစ္စည်းရဲ့ပူလီအချင်း  
ဒါတွေ စဉ်းစားစရာရှိပါတယ်။  
ဝန်နဲ့အားမျှတတဲ့ ပန်ကာကြိုးအရေအတွက်ဖြစ်ရမယ်။  
ကြိုးတင်းအားလည်းသေချာချိန်ညှိရပါမယ်။ လျော့လွန်းရင်အဆင်မပြေနိုင်သလို  
တင်းလွန်းရင်လည်း အဆင်မပြေနိုင်ပါဘူး။  
ကြိုးအလိုင်းမင်း ဘယ်/ညာဘက်ကို တခြမ်းစောင်းနေရင် ခဏတိုင်း ပန်ကာကြိုးဖွာထွက်ပြီး  
ပြတ်တဲ့ ပြဿနာနဲ့တွေ့ပါမယ်။  
တပ်ဆင်ချိန်ညှိထားတဲ့ နတ်တွေကိုလည်း အခါအားလျော်စွာ သတိမပြတ်ပဲ စစ်ဆေးပြီး  
လိုအပ်သလို ချိန်ညှိနေရမှာဖြစ်ပါတယ်။  
မော်တာပူလီအချင်းနဲ့ အခိုင်းခံပစ္စည်းရဲ့ ပူလီအချင်းကိုလိုသလိုတွက်ချက် တပ်ဆင်ကြတဲ့အခါ  
သတိထားစရာတစ်ခုရှိသေးသဗျ။  
ပူလီအချင်းနဲ့ ပန်ကာကြိုးထိစပ်ဧရိယာ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပဲ ပန်ကာကြိုးက  
ပူလီလိုင်းအတွင်းနံရံကိုကုတ်ပြီး  
လည်ပတ်အားကို တဖက်နဲ့တဖက်ပြောင်းပေးရတာကိုးဗျ။  
ဒီတော့ ပူလီနဲ့ ပန်ကာကြိုးထိစပ်ဧရိယာများလေလေ ကုတ်အားပိုကောင်းလေလေ  
ချော်ထွက်မှုနည်းလေလေ ဆိုတဲ့ သဘောတရားကို အထှာနပ်ထားဖို့ လိုပါတယ်။  
ဥပမာတစ်ခုဆွဲထုတ်ပြရရင်.. .
မော်တာပူလီ ၃ လက်မ၊ အခိုင်းခံပူလီ ၆ လက်မတွဲတာတစ်မျိုးစိတ်ကူးကြည့်။  
နောက်တစ်မျိုး  
မော်တာပူလီ ၅ လက်မ၊ အခိုင်းခံပူလီ ၁၀ လက်မတွဲတာမျိုးတစ်ခုလည်းစိတ်ကူးကြည့်။  
အထက်ပါအချိုးနှစ်ခုစလုံး အခိုင်းခံဘက်ကို လည်ပတ်အားရောက်တာချင်းအတူတူပဲ။  
ဝန်သုံးတဲ့အခါ ပန်ကာကြိုးကုတ်အားကျတော့ လက်မကြီးတဲ့ အုပ်စုကပိုပြီးကောင်းတယ်။  
မှန်ကန်တဲ့တင်းအားမှာ ချော်ထွက်နိုင်မှုလည်းနည်းပါးတယ်။  
ဒီလိုတွက်ပြလို့ မော်တာတစ်ကောင်အားလောက်ကို မတန်တဆ ၁၀ လက်မပူလီတပ်ဖို့ပြောတာ  
မဟုတ်ဘူးနော်။  
ဒါလေးတော့ သတိချပ်ပါဗျ။  
တခါတလေဈေးကွက်ထဲမှာ ကိုယ်လိုတဲ့ ပူလီအချင်းကဝယ်မရလို့  
ရတာတပ်ရတယ်ဆိုရင်လည်း မောင့်သဘောပါဗျ။  
လုပ်ငန်းလိုအပ်ချက်အရ  
အလှည့်ခံရမယ့် ပစ္စည်းဟာ လေပန်ကာလို့ ဝန်ထအပေါ့ဆွဲလား ???
ဝိတ်ဘီးတွေပါတဲ့ ရိုက်စက်၊ ကျောက်ခွဲစက်စတာမျိုးတွေလား ???
ဒါလည်း သတိချပ်ရပါမယ်။  
နိုင်နင်းတဲ့မော်တာအားဖြစ်ဖို့လိုသလို  
မှန်ကန်တဲ့ ချိတ်ဆက်တပ်ဆင်မှုလည်းဖြစ်ဖို့လိုပါတယ်။  
#ဘော်ဒါတွေမော်တာနဲ့ပတ်သက်လို့ပြေလည်ကြပါစေ ။  

စကားမစပ်  
မော်တာ  220V/50Hz (စက်ကယ်ဖေး )
မော်တာ  380V/50Hz (သရီးဖေး )
စတာတွေကို လုပ်ငန်းအသုံးပြုဖို့လိုတယ်ဆိုရင်  
အကောင်ရေအမျိုးမျိုး  
လည်ပတ်အားအမျိုးမျိုး ရွေးချယ်စရာတွေရှိပါတယ်။  
#Wanbo
#KJ
#DongChun
စတဲ့ အရည်အသွေးမြင့် အမှတ်တံဆိပ်တွေကို ပစ္စည်းမှန်  
အရည်အသွေးအာမခံတွေနဲ့အတူ  
လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါတယ်။  
အတွေးမများ၊ အရွေးမမှားစေဖို့ မဝယ်ခင်  
ကျင်းလုံမြန်မာဆီကို  
တခါလောက်တော့ ဆက်သွယ်စုံစမ်းကြပါခင်ဗျ။  

#ကျင်းလုံမြန်မာ  
#gdmmknowledge
09-696059977
09-5310976