Knowledge

Types of mist fan

Types of mist fan

Mist Fan ဆိုတဲ့နေရာမယ်
တည်ဆောက်ပုံမူကွဲလေးတွေရှိတယ်။
ဈေးလည်းမတူကြသလို့
တည်ဆောက်ပုံနဲ့တကွ
စွမ်းဆောင်ရည်ချင်းလည်းမတူကြဘူး။

#ပထမတစ်နည်း (Steam Mist)
ရေပမာဏနည်းနည်းချင်းစီကို အပူပေးပြီး
အငွေ့ပျံအောင်လုပ်တယ်။
Electric heater plate လေးတစ်ခုရဲ့အကူအညီနဲ့ပေါ့လေ။
ပြီးရင် အငွေ့ပျံလာတဲ့ steam ရေငွေ့ကို
ပန်ကာရဲ့လေသွားလမ်းထဲမှာ
ထိုးထည့်ပေးလိုက်တယ်။
ဒီရေငွေ့လေးတွေက ပန်ကာလေနဲ့အတူ
ပတ်ဝန်းကျင်လေထုထဲကို မှုတ်ထုတ်လိုက်တယ်။
ထွက်လာတဲ့လေမှာ ရေမှုန်မပါဘူး။
ရေအငွေ့လောက်သာပါတယ်။
အငွေ့ပျံသွားပြီး လေနဲ့အတူရောသွားတာပေါ့လေ။
လေထဲတင်အငွေ့ပျံသွားတာဆိုတော့
ပတ်ဝန်းကျင် စိုစွတ်မှု မဖြစ်နိုင်ဘူးပေါ့လေ။
ဒါ့ကြောင့် ဒီပထမနည်းက
Indoor (သို့) outdoor နှစ်နေရာစလုံးအဆင်ပြေတယ်။
တည်ဆောက်ပုံအရ စားပွဲတင်ပန်ကာ၊ မတ်တပ်ပန်ကာ၊
နံရံကပ်ပန်ကာ ဆိုပြီး အမျိုးမျိုးရှိနိုင်တယ်။
များသောအားဖြင့်အိမ်သုံးအသေးတွေဖြစ်တဲ့
စားပွဲတင်နဲ့ မတ်တပ်ပန်ကာ
အမျိုးအစားတွေမှာ တွေ့ရတာများပါတယ်။

#ဒုတိယတစ်နည်း (Nozzle Mist)
ရေတိုင်ကီကရေကို ဖိအားမြင့်ပန့်နဲ့ တွန်းတင်ပြီး နော်ဇယ်ပေါက်
ကျဉ်းကျဉ်းလေးတွေကနေတဆင့် ပန်ကာရဲ့ လေသွားလမ်းထဲမှုတ်ထည့်ပေးတယ်။
ဒီနည်းကတော့ ပတ်ဝန်းကျင် စိုစွတ်မှုသက်သာတယ်။
Fog လို့ခေါ်တဲ့ ရေမှုန်ရေငွေ့အနေနဲ့သာထွက်တော့ လေထုထဲတင်
အငွေ့ပျံသွားပြီး ပတ်ဝန်းကျင်လေထုကိုအေးမြစေတယ်။
ဒီဒုတိယနည်းကလည်း
Indoor (သို့) outdoor နှစ်နေရာစလုံးအဆင်ပြေတယ်။
တည်ဆောက်ပုံအရ မတ်တပ်ပန်ကာ၊
နံရံကပ်ပန်ကာ ဆိုပြီး အမျိုးမျိုးရှိနိုင်တယ်။
များသောအားဖြင့် နှစ်မျိုးစလုံး တွေ့ရတာများပါတယ်။

#တတိယနည်း (Fan Mist)
ရေလှောင်ကန်ထဲကရေကို
ရေမြှုပ်ပန့်အသေးလေးတစ်ခုရဲ့အကူအညီနဲ့ အပေါ်ပန်ကာအုံရှေ့ဆီတွန်းတင်လိုက်တယ်။
အဲ့ရေကိုမှ အမှုန်အမွှားလေးတွေဖြစ်သွားအောင် ပန်ကာလက်တစ်ခုနဲ့ မှုတ်ထုတ်လိုက်တယ်။
မှုတ်ထုတ်လိုက်တဲ့ ရေမှုန်လေးတွေဟာ
လေပန်ကာ ဒလက်ရှေ့ကနေဖြာထွက်လာတယ်။
ဒီတော့ လေပန်ကာက မှုတ်ထုတ်လိုက်တဲ့ လေနဲ့အတူ ရောပြီး ထွက်သွားတယ်။
ထွက်လာတဲ့ လေမှာ ရေမှုန်လေးတွေပါတယ်။ ရေလိုင်းဘက်က
ဗားဖွင့်တာများရင် များသလောက် ရေသီးတွေခိုလာပြီးပတ်ဝန်းကျင်မှာ ရေတွေ စိုစွတ်လာနိုင်တယ်။
ဒီတတိယနည်းနဲ့ တည်ဆောက်ထားတဲ့ ပစ္စည်းတွေကတော့
Outdoor နဲ့ ပိုသင့်တော်တယ်။
indoor သုံးမယ်ဆိုရင် အဆောက်အဦးကျယ်ကျယ် လေဝင်လေထွက်
ကောင်းတဲ့နေရာမျိုးတွေမှာပိုပြီး သုံးလို့ အဆင်ပြေပါမယ်။
တည်ဆောက်ပုံအရ မတ်တပ်ပန်ကာ၊
နံရံကပ်ပန်ကာ ဆိုပြီး အမျိုးမျိုးရှိနိုင်တယ်။
များသောအားဖြင့် နှစ်မျိုးစလုံး တွေ့ရတာများပါတယ်။
ြည်တွင်းမှာ အသုံးတွင်ကျယ်တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ ပေါပေါများများရှိကြတဲ့
Mist Fan ဆိုတဲ့ပစ္စည်းကို
ဒီလိုအုပ်စုသုံးမျိုး
လေ့လာမှတ်သားမိပါတယ်။
Mist Fan တွေကိုများသောအားဖြင့်
ပြင်ပ လေဟာပြင်တွေမှာ အသုံးပြုကြတာများပါတယ်။
ဒီ fan တွေကို အလုံပိတ်အခန်းတွေမှာသုံးရင် မကြာခဏဆိုသလို
ပတ်ဝန်းကျင် လေထုနဲ့ အခန်းတွင်းလေထုကို ဖလှယ်ပေးဖို့လိုပါတယ်။
အဲ့လိုမလုပ်ပဲ အချိန်ကြာကြာ
မောင်းထားရင် အခန်းအတွင်းမှာ
လေထုစိုထိုင်းဆတွေများလာပြီး
လူနေထိုင်ရ
သက်သောင့်သက်သာ မရှိတော့ပါဘူး။
ပြီးရင် အခန်းထဲက ပစ္စည်းတွေ သံချေးတက်တာမျိုးဖြစ်နိုင်ပါတယ်။
အဝတ်အထည်နဲ့ ခန်းစီးလိုက်ကာစတွေ
မှိုတက်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့
ဝေဒနာသည်တွေရှိရင်လည်း ရောဂါပိုဆိုးလာနိုင်ချေရှိပါတယ်။
ဒါ့ကြောင့် Mist Fan တွေကို
အသိသတိလေးနဲ့ စနစ်တကျသုံးရင်း
တန်ဆေး လွန်ဘေး ဆိုတာမျိုးမဖြစ်စေပဲ
နွေရာသီရဲ့ အယ်လ်နီညို အပူလှိုင်းကို
အံတုကြပါစို့.....။

Mist Fan နဲ့ ပတ်သက်လို့ ဘော်ဒါတွေ အဆင်ပြေကြပါစေ။
Exhaust fan, Ventilation fan, mist fan, Evaporative air cooler လေးတွေ
လိုရင်လည်း ကျွန်တော်တို့ ကျင်းလုံမြန်မာကို
သတိရပေးပါခင်ဗျ။

#ကျင်းလုံမြန်မာ
#gdmmknowledge